YGNCode – HomeLab

    • ဘာလဲဟ
Illustration of a bird flying.
  • အမေရိကန်ဒေါ်လာ လေးသောင်းကျော် ဟက်ခံလိုက်ရတဲ့အတွေ့အကြုံ

    ကျနော် FB မှာတင်ထားတာကိုဒီမှာပြန်တင်ထားတာပါ။ မြောက်ကိုရီးယားဟက်ကာတွေကဟက်သွားတာ။ မြန်မာက developer တွေလဲသတိထားနိုင်အောင် မြန်မာလိုရေးပီးပြန်လည်ဝေမျှလိုက်ပါတယ်။ ဖြစ်ပုံကဒီလို… ကျနော့်အသိက blockchain developer သူ့ရုံးကအခြေအနေမကောင်းတော့ဒီကောင်က freelance လေးဘာလေးရရင်လုပ်မယ်ဆိုပီးလုပ်ထားတာ။ အဲ့အချိန်မှာသူ့ကို email ကနေပီးတော့အလုပ်အပ်ချင်လို့ဆိုပီးဆက်သွယ်လာတာ သူ့ရုံးက release လုပ်ထားတဲ့ feature တခုလိုမျိုးဘဲသူတို့ထဲထည့်ပေးရမှာ budget က 80 K to 180 K USD ရှိတယ်ပြောတယ်။ ကျနော့်အသိကလဲစိတ်ဝင်စားတယ်ဆိုပီးပြောတယ်။ အဲ့ဒါနဲ့ WhatsApp နံပါတ်တောင်းပီးဆက်သွယ်တယ် သူ့ကို GitHub repo invite လုပ်လိုက်တယ်။ တချက်ကြည့်ကြည့်ပေါ့။ သူလဲကြည့်ကြည့်တယ် ကုဒ်တွေလဲကြည့်ကြည့်တယ်အမှန်အကန်ဘဲ လို့ထင်ရတယ်။ အဲ့ဒါနဲ့သူက Repo ကို run ကြည့်လိုက်တယ် error တက်နေတယ်။ hacker ကအဲ့ဒါဆို call…

    November 25, 2024
  • Command Line အခြေခံ

    ကျနော် Computer Science Beginner Boot Camp 2024: Day 2 မှာ Command Line အခြေခံအကြောင်းပြောထားတာပါ။ Audience အခြေအနေကလဲအရမ်းကြီးမသိတော့ basic လုပ်ပြမယ်။ CLI မသုံးဖူးတဲ့သူဆိုရင် နဲနဲပါးပါးသိသွားမယ်။ သုံးဖူးပီးသားလူဆိုရင် ကျနော်ပေးတဲ့ resource link တွေကနေပီးတော့ advance သွားလို့ရမယ်ဆိုပီးတော့ပြင်ဆင်ပီးပြောသွားတာပါ။ Talk ပြောရင် first 5 mintues လောက် nervous ဖြစ်တက်တဲ့အကျင့်ရှိနေတာကိုသတိထားပီးတော့ပြင်မယ်ဆိုပီးလုပ်သွားတာ။ မရပါဘူး။ 5/10 minutes လောက်ပီးသွားရင်တော့သူ့ဟာနှင့်သူအဆင်ပြေသွားကော။ အောက်မှာဆရာမ Dr Myo Thida YouTube Channel မှာတင်ထားတာကိုပြန်လည်ဝေမျှလိုက်ပါတယ်။ ဒါကတော့ ကျနော့် Slide ပါ။ အဲ့ထဲမှာဘဲ ကျနော် resoruces တွေထည့်ပေးထားပါတယ်။ Recording…

    June 10, 2024
  • Fluentbit setup

    ရုံးမှာ Fluentbit သုံးပီးတော့ central logging လုပ်ထားတယ်။ ရှိသမျှ instnaces တွေအကုန်လုံးမှာ fluent သွင်း Opensearch ကို logs တွေ push အဲ့လိုမျိုးလုပ်ထားတာ။ EC2 role နှင့်ဆိုတော့ password ဘာညာအတွက်အာရုံမနောက်ကဘူး role base auth ကတော်တော်လေးအဆင်ပြေတယ်။ ရုံးမှာ log parser တခုလိုက်စမ်းရင်းနှင့် အိမ်က mini PC မှာလဲ Opensearch သွင်းထားပီးသားဆိုတော့ Fluentbit ပါသွင်းပီးစမ်းဦးမယ်ဆိုပီးတော့ စမ်းကြည့်ဖြစ်တာ။ Fluent bit Installation ကထွေထွေထူးထူးမဟုတ်ဘူး။ ဒီ link ကအတိုင်း လိုက်လုပ်လိုက်ရုံဘဲ။ Opensearch setup လုပ်ထားတာကိုတော့ ဒီ link မှာပြန်ဖတ်နိုင်ပါတယ်။ ကွန်ပျူတာ CPU…

    June 10, 2024
  • အိမ်ကအမြဲတမ်းဖွင့်ထားတဲ့ကွန်ပျူတာ Wifi ပြန်မချိတ်တဲ့ပြဿနာဖြေရှင်းခြင်း

    ပြဿနာကဒီလို အိမ်က Wifi က Singtel သုံးတာ။ မကြာမကြာသူတို့ဘက်က အင်တာနက် line ကျတက်တယ်။ အကြာကြီးမဟုတ်ပါဘူး seconds ပိုင်းဘဲ အလွန်ဆုံး minutes ပေါ့။ ပြဿနာက ကျနော့် mini PC က wifi ပြန်မချိတ်ဘူး။ Setting တွေဘာတွေလိုက်ပြင်လဲ အလုပ်မဖြစ်ဘူး။ ကျနော်အိမ်မှာရှိတဲ့အချိန်ဆိုရင်တော့ပြဿနာမရှိဘူး mini PC ကို moniotr keybaord နဲ့ချိတ်ပီးတော့ Wifi connect ပြန်လုပ်လိုက်ရင်ပြဿနာကပီးသွားကော။ ပြဿနာကကျနော်အိမ်မှာမရှိဘူးဆိုရင်ဘာမှလုပ်မရတော့ဘူး။ SSH လဲဝင်မရဘာဆိုဘာမှလုပ်မရ။ ဒါနဲ့ manual wifi disconnect လုပ်ပီး connect လုပ်ရင် အဆင်ပြေမလားဆိုပီးတော့ စမ်းကြည့်လိုက်တာ အဆင်ပြေသွားတယ်။ မထူးပါဘူးအဲ့ကောင် script ရေးပီးတော့ mini pc ထဲ…

    May 11, 2024
  • Scaling အတွေ့အကြုံ

    အကြောင်းကဒီလို… ရုံးမှာက NodeJS သုံးတာ။ လုပ်စရာတွေများတော့ ရုံးကလိုအပ်တဲ့ website တခုကိုအပြင်အပ်မယ်ဆိုပီးလုပ်ကော။ အဲ့ outsource လုပ်တဲ့သူတွေက FE ကို Next သုံးပီး BE ကို Laravel သုံးထားတယ်။ Marketing campaign ဆိုတော့ traffic ကရုတ်တရက်များလာနိုင်တယ်။ သူတို့ကျနော့်လာပြောတဲ့အချိန်ကလဲညဘက်မှာ ဒီ website က ready ဖြစ်ရမှာ။ အဲ့လိုနဲ့ရုံးမှာကျနော်က DevOps ကော PHP/Laravel ကော လက်ရှိ Node နဲ့ကောအလုပ်လုပ်နေတာဆိုတော့ Traffic handle လုပ်ဖို့ကျနော့်စီရောက်လာတယ်။ ကြည့်လိုက်တော့သူတို့ setup က auto scaling မပါ။ Traffic ဘယ်လောက်လောက်လာမလဲခန်းမှန်းခြေမေးကြည့်လိုက်တော့ ဒီ EC2 နဲ့ဘဲဖြစ်လောက်ပါတယ်ပေါ့။ အချိန်ကမရတော့ဘူး သူတို့ load…

    March 10, 2024
  • Opensearch ကို docker-compose နှင့်စမ်းခြင်း

    ရုံးမှာက central logging ဆို Open Search သုံးတာ။ တခုခုစမ်းချင်ပီဆို Opensearch domain အသစ်တခုလုပ် ဟိုလုပ်ဒီလုပ် နောက် request တွေတောင်းနဲ့ အနည်းနှင့်အများ အလုပ်ရှုပ်တယ်။ ဒီနေ့လဲရုံးမှာ dashboard လုပ်မလို့ Opensearch မှာ ဘယ်လို dashboard လုပ်မလဲကြည့်ချင်တာ။ Prod DB ထဲလဲ simple data တွေထည့်မကြည့်ချင်တာနှင့် local မှာဘဲ docker compose နဲ့သွင်းပီးတော့စမ်းလိုက်တယ်။ Ubuntu သွင်းထားတဲ့စက်လဲရှိနေတော့လက်တဲ့စမ်းချင်တာလဲပါတာပေါ့။ ကျနော့်ရုံးကွန်ပျူတာကနေ အိမ်က server ကို ssh ဝင်ပီးတော့ instruction ပေးတဲ့အတိုင်းလိုက်လုပ်လိုက်တာပါဘဲ။ အိမ်ကစက်ကို ရုံးကနေ ssh ဘယ်လိုဝင်လဲဆိုတော့အိမ်ကစက်ကော ရုံးကစက်ကော tailscale သွင်းထားတာဆိုတော့အဆင်ပြေတယ်။ ဘာမှထွေထွေထူးထူးကိုမလိုတာ။ ဒီက…

    March 8, 2024
  • ဒီ website ကိုကျနော့်အိမ်က Mini PC မှာ run ထားတာဖြစ်ပါတယ်။

    ဟိုးအရင်ကတည်းက ကိုယ့်အိမ်ကစက်မှာ website host လုပ်ပီး run ချင်နေတာ။ အခုမှဘဲလုပ်ဖြစ်တော့တယ်။ စနေနေ့တုန်းက Mini PC လေးဝယ်လိုက်တယ်။ Sunday ရောက်။ OS က Window နဲ့လာတာ။ Window ကိုစိတ်ကြိုက်ဟိုစမ်းဒီစမ်းလုပ်ရင်း အဓိကဝယ်တဲ့ရည်ရွယ်ချက်ပျောက်ပီး လုပ်ချင်တာတွေလုပ်မိမှာစိုးလို့ ubuntu တင်ဖို့မြန်မြန်လုပ်ရတယ်။ bluetooth keyboard တွေသုံးနေတာဆိုတော့ BIOS က keyboard မရှိဘဲ ရွှေ့လို့မရလို့ keyboard ဒုက္ခသည်ဖြစ်သွားရသေးတယ်။ Ubuntu တင် ssh ဘာညာ enable လုပ်ပီးတော့ ကိုရဲလင်းအောင် ပြောတဲ့ Tailscale ကိုစမ်းဖြစ်တယ်။ အဲ့ကောင်ဘယ်လိုအလုပ်လုပ်လဲဆိုတာ overall ကျနော်နားလည်သလောက်က ရှိသမျှကွန်ပျူတာတွေထဲမှာ tailscale သွင်းလိုက်ရင် အဲ့ကွန်ပျူတာတွေက ကျနော်တို့ Private VPC လိုမျိုးဖြစ်သွားတယ်။…

    March 5, 2024

YGNCode – HomeLab

Proudly powered by WordPress