ဒီ website ကိုကျနော့်အိမ်က Mini PC မှာ run ထားတာဖြစ်ပါတယ်။


ဟိုးအရင်ကတည်းက ကိုယ့်အိမ်ကစက်မှာ website host လုပ်ပီး run ချင်နေတာ။ အခုမှဘဲလုပ်ဖြစ်တော့တယ်။

စနေနေ့တုန်းက Mini PC လေးဝယ်လိုက်တယ်။ Sunday ရောက်။ OS က Window နဲ့လာတာ။ Window ကိုစိတ်ကြိုက်ဟိုစမ်းဒီစမ်းလုပ်ရင်း အဓိကဝယ်တဲ့ရည်ရွယ်ချက်ပျောက်ပီး လုပ်ချင်တာတွေလုပ်မိမှာစိုးလို့ ubuntu တင်ဖို့မြန်မြန်လုပ်ရတယ်။ bluetooth keyboard တွေသုံးနေတာဆိုတော့ BIOS က keyboard မရှိဘဲ ရွှေ့လို့မရလို့ keyboard ဒုက္ခသည်ဖြစ်သွားရသေးတယ်။

Ubuntu တင် ssh ဘာညာ enable လုပ်ပီးတော့ ကိုရဲလင်းအောင် ပြောတဲ့ Tailscale ကိုစမ်းဖြစ်တယ်။ အဲ့ကောင်ဘယ်လိုအလုပ်လုပ်လဲဆိုတာ overall ကျနော်နားလည်သလောက်က ရှိသမျှကွန်ပျူတာတွေထဲမှာ tailscale သွင်းလိုက်ရင် အဲ့ကွန်ပျူတာတွေက ကျနော်တို့ Private VPC လိုမျိုးဖြစ်သွားတယ်။ (သေချာတော့ဘယ်လိုအလုပ်လုပ်လဲနားမလည်သေးဘူး။ သေချာလေးဖတ်ပီးမှ ပြန်လည်ဝေမျှပါဦးမယ်။)

ကျနော့် Mini PC လေးမှာလဲ tailscale သွင်းပီးတော့ ဟိုစမ်းဒီစမ်းနဲ့ အင်တာနက်က access လုပ်လို့မရဘူးသူက local private… public access လုပ်လို့ရရင်မဆိုးဘူးဆိုပီး အဲ့ကနေဟိုကြည့်ဒီကြည့်နဲ့ Cloudflare tunnes ဆိုတာတွေ့တာ။ Cloudflare tunnel က ကျနော့် local mini PC က services တွေကို domain ကနေတန်းခေါ်လို့ရအောင်လုပ်ပေးတဲ့ကောင်ပေါ့။ စိတ်ဝင်စားဖို့ကောင်းတယ်။ အရင်က local မှာ website ကို host မယ်ဆိုတော်တော်လေးအလုပ်ရှုပ်တာ။ အခုကအတော်လေးကိုလွယ်သွားပီ။ စိတ်ဝင်စားရင် အောက်က YT မှာကြည့်ကြည့်လို့ရတယ်။

Tailscale ရယ် Cloudflare Tunnel ၂ ခုပေါင်းလိုက်ရင် အိမ်ကကွန်ပျူတာလေးကို ကိုယ်စမ်းချင်တာတွေစမ်းဖို့အတော်လေးအဆင်ပြေပီ။ လက်ရှိဒီ website ရယ် နောက် sonarqube လိုမျိုးတွေ local LLM တွေလဲသွင်းထားသေးတယ်။ တခြားစိတ်ဝင်စားဖို့ကောင်းတာလေးတွေလဲရှိသေးတယ်။ နောက် post မှာသေချာတခုချင်းစီရေးပါဦးမယ်။


Leave a Reply

Your email address will not be published. Required fields are marked *