Opensearch ကို docker-compose နှင့်စမ်းခြင်း


ရုံးမှာက central logging ဆို Open Search သုံးတာ။ တခုခုစမ်းချင်ပီဆို Opensearch domain အသစ်တခုလုပ် ဟိုလုပ်ဒီလုပ် နောက် request တွေတောင်းနဲ့ အနည်းနှင့်အများ အလုပ်ရှုပ်တယ်။ ဒီနေ့လဲရုံးမှာ dashboard လုပ်မလို့ Opensearch မှာ ဘယ်လို dashboard လုပ်မလဲကြည့်ချင်တာ။ Prod DB ထဲလဲ simple data တွေထည့်မကြည့်ချင်တာနှင့် local မှာဘဲ docker compose နဲ့သွင်းပီးတော့စမ်းလိုက်တယ်။

Ubuntu သွင်းထားတဲ့စက်လဲရှိနေတော့လက်တဲ့စမ်းချင်တာလဲပါတာပေါ့။ ကျနော့်ရုံးကွန်ပျူတာကနေ အိမ်က server ကို ssh ဝင်ပီးတော့ instruction ပေးတဲ့အတိုင်းလိုက်လုပ်လိုက်တာပါဘဲ။ အိမ်ကစက်ကို ရုံးကနေ ssh ဘယ်လိုဝင်လဲဆိုတော့အိမ်ကစက်ကော ရုံးကစက်ကော tailscale သွင်းထားတာဆိုတော့အဆင်ပြေတယ်။ ဘာမှထွေထွေထူးထူးကိုမလိုတာ။

ဒီက instruction အတိုင်းလိုက်လုပ်လိုက်တာ။ Password ကို strong ဖြစ်တာမဟုတ်ရင်မရဘူးဆိုလို့ strong password ပေးလိုက်ရသေးတယ်။ အားလုံးအဆင်ပြေသွားတော့ simple data သူတို့ပြထားတာတွေထည့်ကြည့်ပီးတော့ သူတို့ dashboard ကိုဘယ်လို Prepare လုပ်လဲလိုက်ကြည့်ပီးတော့ ရုံးက dashboard ကိုလဲ ကိုယ်လိုချင်တာရဖို့ဟိုပြင်ဒီပြင်နှင့် အဆင်ပြေသွားတယ်။


One response to “Opensearch ကို docker-compose နှင့်စမ်းခြင်း”

Leave a Reply

Your email address will not be published. Required fields are marked *